Print

အစားအစာနှင့် ကျန်းမာရေး

  26-Aug-2017
Preview Image


လူအများစုသည် မိမိတွင် ရောဂါတစ်ခုခုဖြစ် နေသည်၊ ဝေဒနာတစ်ခုခု ခံစားနေရသည်ကိုသာ သတိပြုမိကြသည်။ ထိုရောဂါ ဝေဒနာများသည် မည်သည် ့အကြောင်းအရင်းကြောင့်ဖြစ်သည်ကို သတိမပြုမိကြပါ။ထို သို့သော် ရောဂါဝေဒနာ ဖြစ်စေသည့် အကြောင်းအရင်းတွင် အဝလွန်ခြင်း (obesity) သည်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါသည်။ အဝလွန်ခြင်းဖြင့် လှုပ်ရှားသွားလာရာတွင် လေးလံခြင်း၊ အမောမခံနိုင်ခြင်း စသည့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှှုများ အပြင်အသက်ရှူ လမ်းကြောင်းနှင့်ဆိုင်သောရောဂါများ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်း၊ အသည်းအဆီဖုံးခြင်း၊ ဆီချိူရောဂါနှင့် လေဖြန်းခြင်း၊ လေဖြတ်ခြင်း၊ ခါးနာခြင်း ၊ ဒူးနာခြင်းစသည်တို့ ဖြစ်နိုင်ပါသည်။ ထို့အပြင် စိတ်ကျရောဂါလည်းဖြစ်နိုင်ပါသည်။


အဝလွန်ခြင်းကို ကာကွယ်ရန်အတွက် လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက်ကို သင့်တင့်မျှတစွာ စားခြင်းတို့ပြုလုပ်နိုင်ပါသည်။ ကျွန်တော်တို့ရဲ့  ခန္ဓာကိုယ်တွင်လိုအပ်သော ကယ်လိုရီ ပမာဏထက်ပို ပြီး မစားမိရန် အစားအလွန်အမင်းစားခြင်းကို ရှောင်ကြဉ်ရပါမည်။ "အချို့သော လူများသည် ကျွန်မက ထမင်းမစားနိုင်ဘူး၊ ညစာလည်း မစားဘူး။ သူ့အလိုလိုဝတာ လို့ငြင်းချက်ထုတ်ကြပါတယ်။ ညစာမစားဘဲ မနက်အာရုံမှာ ထစားလည်း  ဝတာပါပဲ။ ညစာထမင်းမစား လညး်အိပ်ခါနီးမှ ဆာလို့ ခေါက်ဆွဲပြုတ်သောက်၊ ပေါင်မုန့်ထောပတ်သုတ်စား လည်းဝတာပါပဲ။ ပိန်အောင်ဆိုပြီး ထမင်းမစားပဲချာပါတီစား၊ ကြာဆံစားလည်း ဝတာပါပဲ။ ထမင်းမှမဟုတ်ပါဘဲ ဗိုက်ထဲကို အာဟာရဝင်သွားတာလိုတာထက်များ ရင်စုမိလာပြီး ဝလာတာပါပဲ။ တချို့ကလညး် ပိန်အောင် မနက်ထလမ်းလျှောက်ကြတယ် ဆိုပါတယ်။ လမ်းနာရီဝက် လောက်လျှောက်လိုက်ရင် ကယ်လိုရီ ၁၅၀ လောက်ပဲကုန်ပါတယ်။ အပြန်လမ်းထိပ်မှာ လက်ဖက် ရည်ချိုချို နဲ့ ထမင်းကြော် တစ်ပွဲလောက် ဝင်စားလိုက်ရင် ကယ်လိုရီ ၂၀၀ လောက် ဝင်သွားပါတယ်။ ဒီတော့မှ ပိန်ချင်၍လမ်းထွက်မိကာမှ ပိုဝစရာအကြောင်း ရှိလာတာပေါ့။"


ကျန်းမာတဲ့ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ဟာ တစ်နေ့ပျှမ်းမျှစွမ်းအင် ကယ်လိုရီိ ၁၅၀၀ လောက်ပဲလိုတာမို့ ကိုယ့်ဗိုက်ထဲဝင်သွားတဲ့ ကယ်လိုရီဟာ ဘယ်လောက်ရှိနိုင်လဲဆိုတာကို အစားစားတိုင်းခန့်မှန်းတွက်ချက်တတ်ဖို့၊ ပိုမစားမိအောင် ထိန်းတတ်ဖို့ လိုပါတယ်။ ဒီနည်းကိုတတ်ရင် ဆီးချိုသမား၊ နှလုုံးရောဂါသမားတွေ အတွက်လညး်အဆင်ပြေစေပါတယ်။ ကျန်းမာစေဖို့ ဆိုရင်လိုအပ်တဲ့ စွမ်းအင်ရဲ့ တစ်ဝက်ကိုပဲ ကာဗိုဟိုက်ဒြိတ်လို့ခေါ်တဲ့ ကစီဓာတ်ကရရမှာ ဖြစ်ပါတယ်။ ၃၀ ရာခိုင်နှုန်းက အဆီ၊ ၂၀ ရာခိုင်နှုန်းကတော့ အသားကထွက်လာရမှာဖြစ်လို့ပါ။ ဒီတော့အကြမ်းအားဖြင့် တစ်နေ့စာ စွမ်းအင် ၁၅၀၀ သုံးရင် ရ၅၀ ကိုသာ ကစီဓာတ် (ထမင်း၊ ခေါက်ဆွဲစသည်) က စား ရမှာဖြစ်လို့ ဗိုက်ကားအောင်စားဖို့ မဖြစ်နိုင်ပါဘူး။ ခန့်မှန်းနိုင်အောင် ၁၀၀ ကယ်လိုရီထွက်မယ့် ကစီဓာတ် အစားအစာတွေကို ပြောပြပါ့မယ်။


ထမင်း၊ ကောက်ညှင်း- စားပွဲတင်ဇွန်းနှင့်လေးဇွန်း

ခေါက်ဆွဲ - စားပွဲ တင်ဇွန်းနှင့် ငါးဇွန်း

ပေါင်မုန့် - ၂ ချပ်

ချာပါတီ - ၁ ချပ်

ပလာတာ -အချပ် တစ်ဝက်

ဒိုးနပ် - တစ်ဝက်

မုန့်ဟင်းခါး -ပန်းကန်တစ်ဝက်

ပေါက်စီ - တစ်ဝက် တို့ဖြစ်ပါတယ်။


ထမင်းစားပြီး သစ်သီးဝလံစားမယ်ဆိုရင်လညး် စွမ်းအင်ထွက်တာမို့ ငှက်ပျောသီးတစ်လုံး စားမယ် စဉ်းစားထားရင ်ထမင်း ၄ ဇွန်းလျှော့စားထားရမှာဖြစ်ပါတယ်။ကယ်လိုရီ ၁၀၀ ထွက်မယ့် သစ်သီးဝလံ ကတော့-

ပန်းသီး - တစ်လုံုး

ငှက်ပျောသီး -တစ်လုံးခွဲ

သရက်သီးမှည့် -တစ်လုံး

လိမ္မော်သီး - ၂ လုံး

မာလကာသီး -၂ လုံး

ကျွဲကောသီး -၂ မှ ွာ

သဘောင်္သီး -၂ စိတ် တို့ဖြစ်ပါတယ်။


သရေစာတွေ ကနေ ၁၀၀ ကယ်လို ရီထွက်ဖို့ ဆိုရင်

တို့ဟူးကြော် - ၃ ခု

ဆနွင်းမကင်း-လက်မနှစ်ချောင်း စာ တစ် တုံး

ထန်းလျက် -တစ်ခဲ ခွဲ

မုန့် စိမ်းပေါင်း -စားပွဲတင်ဇွန်း ၃ ဇွန်း

ခေါက်မုန့် - တစ်ဝက်

ဟာလဝါ -စားပွဲဇွန်း ၂ ဇွန်း တို့ စား နိုင်ပါ တယ်။

ထမင်းစားပြီးတော့ ငှက်ပျောသီးအပြင် ထန်းလျက် တစ်ခဲပါစားမယ်စိတ်ကူးရင်တော့ ထမင်းကို နောက်ထပ် ၃ ဇွန်းလောက် လျှော့စားရမှာဖြစ်လို့ ထမင်းတစ်ခါ စားရင် ထမင်းဖြူ  ၁၀ -၁၂ ဇွန်းပဲစား နိုင်မှာဖြစ်ပါတယ်။


Credit:Dr.Thet 

Reference- ဒေါက်တာချစ်စိုး သတိထားစရာ အရိုးအဆစ်ပြဿနာ 

နှင့် လေးဖက် နာရောဂါ

Obesity medscape,mayo clinic




Related Articles


Advertisment 18